
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင် (၂၀) ဦးပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကိုလေ့လာရန် သွားရောက်လျက်ရှိရာ လေ့လာရေးခရီးစဉ် ပထမနေ့ (၂၀၁၆ခုနှစ်၊ သြဂုတ်လ ၈ရက်)တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ Ministry of Planning and Investment (MPI)၊ Foreign Investment Agency(FIA) နှင့် Hanoi City People’s Committee တို့သို့ ရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများကို လေ့လာဆွေးနွေးခဲ့ကြပါသည်။






