
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ United Nations Economic and Social Commission for Asia and the Pacific (UNESCAP) နှင့် DaNa Facility (UK Aid)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံ ဆွေးနွေးပွဲ (အောက်မြန်မာပြည်)ဖွင့်ပွဲ အခမ်းအနားအား ကရင်ပြည်နယ်၊ ဘားအံ မြို့တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ DFID မှ ကိုယ်စားလှယ် Mr. Robbie Barkell၊ UNESCAP, Business and Development; Trade, Investment and Innovation Division မှ Chief ဖြစ်သူMr. Marc Proksch တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ ကြပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်သစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာစေရန်၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရင်းနှီး မြှုပ်နှံမှု ကော်မတီဝင်များ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းများနှင့် ကုန်သွယ်မှုဗဟိုဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အရာထမ်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုစုပေါင်း၇၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။




