
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၆) ကြိမ်မြောက် မြန်မာ-စင်ကာပူဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Lim Hng Kiangတို့မှ အဖွင့်အမှာစကား အသီသီးပြောကြားပြီး ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် စင်ကာပူနိုင်ငံဘက်မှ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဥပဒေဝန်ကြီးဌာန၊ International Enterprises (IE), National Development &Agri-Food and Veterinary Authority (AVA) ဝန်ကြီးဌာန၊ သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် SPRING Singapore တို့မှ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံဘက်မှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ စသည့် အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Enterprises (IE) Singapore တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနနှင့် SPRING Singaporeတို့အကြားPartner Accreditation Body ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်းအသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။
ထို့နောက် နှစ်ဘက်ဝန်ကြီးများမှ လက်ဆောင်ပစ္စည်းများ လဲလှယ်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။



