
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမည့် Myanmar Investment Forum 2017 ကို Myanmar Investors Development Association (MIDA)မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နှင့် ၇ ရက်နေ့ နေပြည်တော် MICC 2 ၌ ကျင်းပပြုလုပ်လျက် ရှိပါသည်။
အဆိုပါအခမ်းအနား၏ ပထမနေ့ ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တို့တက်ရောက်၍ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ “ Update of Investment Environment in Myanmar” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။





