“ဆွေဆက်အောင် ကုမ္ပဏီလီမိတက်” နှင့် “ကယန်းစတား ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း ဆောင်ရွက်နေကြသော “ဆွေဆက် အောင်ကုမ္ပဏီလီမိတက်” နှင့် “ကယန်းစတားကုမ္ပဏီလီမိတက်” များသို့ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ၊ အဖွဲ့ဝင်များ နှင့် လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင် သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။