
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် နေ့ မှ ၁၄ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြီးတန်း အရာရှိများ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ Euromoney Institutional Investor(Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ စုစုပေါင်း (၁၂၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးကျော်ဝင်းနှင့် Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale တို့မှ အဖွင့်အမှာစကားပြောကြားကြပါသည်။ထို့နောက်အစီအစဉ်အရစီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပေါင်းစပ်မှုအခြေအနေများ၊ အခြေခံဆောက်အဦများနှင့် စက်မှုကဏ္ဍ ဖွံဖြိုးတိုးတက်မှုအခြေအနေများစသည့် ခေါင်းစဉ်များဖြင့် ပညာရှင်များနှင့် တာဝန်ရှိသူများမှ ဆွေးနွေးကြပါသည်။
ဒုတိယနေ့အစီအစဉ်များကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၄ရက် နေ့တွင်လည်း ဆက်လက်ဆွေးနွေးခဲ့ ဖြစ်ကြောင်းသတင်းရရှိပါသည်။





