MYANMAR DOING BUSINESS COST SURVEY ဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်မည့် Myanmar Doing Business Cost Survey ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကျွမ်းကျင်ပညာရှင် Mr. Toru Homma နှင့် Myanmar Survey Research (MSR) မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ သည်။