
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ် လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်(၅၂-က)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Hallmark Manufacturing Co., Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ထုတ်လုပ်မှုအခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပုဂ္ဂလိကစက်မှု မှတ်ပုံတင်မှုစသည်များကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
