
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် USB, HDMI, MINI DP အတွက် DATA CABLE ကြိုးများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် ၁၉၂၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁၃၊ စက်မှုဇုန်အပိုင်း(၁)၊ ဒဂုန်မြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Wisechamp Electronic Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု အခြေ အနေ စသည်များကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။