အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ စွန့်စားမှုခွဲဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

Print Friendly, PDF & Email

၁၈ ဇူလိုင် ၂၀၁၇

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန/မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း ၄ ဦး ပါဝင်သော အဖွဲ့သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Sheraton Grande Sukhumvit Hotel ၌ ကျင်းပသည့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ စွန့်စားမှု ခွဲဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူများသည် PPP လုပ်ငန်းစဉ်တစ်လျှောက် တွေ့ကြုံရမည့် အခက်အခဲများကို အစိုးရနှင့် ပုဂ္ဂလိကကြားခွဲဝေယူခြင်းနှင့် Global Infrastructure Hub ၏ PPP Risk Allocation Tool  အသုံးပြုခြင်းကိုပါ သိရှိစေမည်ဖြစ်သည်။