
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
အာရှဖွံ့ဖြိုးရေးဘဏ်၏ Financial Sector Economist ဖြစ်သူ Ms. Sophie Duong Nguyen နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့၌ ရန်ကုန်မြို့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ(၂၀၁၇) အရ အွန်လိုင်းမှ ကုမ္ပဏီမှတ်ပုံတင်ခြင်း စတင်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အသက်ဝင်မည်ဖြစ်ပြီး အွန်လိုင်းမှ ကုမ္ပဏီမှတ်ပုံ တင်ခြင်းစသည့် ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရှိမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။