
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ Corporate Governance ဆိုင်ရာ ဗဟုသုတနှင့်စွမ်းဆောင်ရည် တိုးတက်လာစေရန်၊ ကမ္ဘာ့နိုင်ငံများ၏ ကောင်းမွန်သော အလေ့အထများကို သိရှိစေရန်နှင့် မြန်မာနိုင်ငံ၏ ကော်ပိုရိတ်စည်းမျဉ်းများ ပြုပြင်ပြောင်း လဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုသံရုံးနှင့် The American Chamber of Commerce Myanmar (AMCHAM) တို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်၌ ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနမှ အကြီးတန်း ကူးသန်းရောင်းဝယ်ရေးအရာရှိ Mr. John Fleming နှင့် AMCHAM မှ အမှုဆောင် အဖွဲ့ဝင် ဦးဇော်မိုးခိုင်တို့မှ အဖွင့်မိန့်ခွန်း အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် PwC, KPMG, Ayuroma Advisors International and Baker McKenzie တို့မှ ပညာရှင်များမှ Corporate Governance နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုမ္ပဏီရေးရာ ဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးမျိုးမင်းမှ ကုမ္ပဏီဥပဒေအသစ်နှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ကျွမ်းကျင်ပညာရှင်များမှ တက်ရောက်လာသည့် ကုမ္ပဏီများနှင့် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးသန်းအောင်ကျော်၊ ဦးသန့်စင်လွင်နှင့် အရာထမ်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး၊ The American Chamber of Commerce Myanmar နှင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ပါသည်။

