မြန်မာကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ်သို့ သွားရောက်လေ့လာခြင်း

Print Friendly, PDF & Email

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့်  တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း တည်ထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေး သို့ တက်ရောက်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပါသည်။

 မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် China Southern Power Grid, Kunming Electric  Operations Control Center, Kunming Southern Railway Station နှင့် Yunnan Construction and Investment Holding Group တို့သို့ သွားရောက် လေ့လာခဲ့ကြပါသည်။