
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ (၂၃)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ နေ့ဆွမ်းဆက်ကပ်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းအမှုထမ်းများ၊ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ အရာထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြ ပါသည်။
အခမ်းအနားတွင် သုခိတာရာမ (ယဉ်ငေး) ကျောင်း ပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေး လိမ္မာ သာသနာပြုဆရာတော် ဦးဣန္ဒကထံမှ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသော ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြပြီး ပရိတ်တရားတော်များ နာကြားကြပါသည်။ ထို့နောက် ဆရာတော် ဦးဣန္ဒကထံမှ အနုမောဒနာ တရားနာယူ ကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူ ကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။







