
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ECV International Co.,Ltd (China) တို့ပူးပေါင်း၍ “Myanmar Textile Summit 2016” ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်၍ “The New Investment Law & Garment Industry in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော ပြည်တွင်းပြည်ပ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင် များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည် ဆွေးနွေး ပြောကြားခဲ့ပါသည်။
