နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းအချက်အလက်များအား ကောက်ယူ နိုင်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(IMF)စာရင်းအင်းဌာနတို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀  ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန် (ရုံးချုပ်) ၌ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းအချက်များ ကောက်ယူနိုင်ရေးနှင့် ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကနဦး စစ်တမ်းကောက်ယူရန်နှင့် ရင်းနှီးမြှုပ်နှံမှု စာရင်းများ ထည့်သွင်းရန်အတွက် နည်းပညာများ ရရှိ စေရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးခွဲများနှင့် ဆက်စပ်ဌာနများမှ စုစုပေါင်း ဝန်ထမ်း(၄၀) ဦး တက်ရောက် ခဲ့ပါသည်။