အာဆီယံနိုင်ငံများရှိ အစိုးရကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိကြီးများအတွက် ခေါင်းဆောင်မှုအစီအစဉ် သင်တန်းသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်သည် နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်မည့်  အာဆီယံနိုင်ငံများရှိ အစိုးရကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိကြီး များအတွက် ခေါင်းဆောင်မှု အစီအစဉ် သင်တန်းသို့  တက်ရောက်လျက်ရှိပါသည်။