
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံ၏ (၁၁) လမြောက် ပွဲတော်ဖြစ်သည့် တပိုတွဲလတွင် ထမနဲပွဲ ဆင်နွှဲ ရန်နှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး အထောက် အကူပြုရန် ရည်ရွယ်၍ ရိုးရာ ထမနဲပွဲ ယှဉ်ပြိုင်မှု အခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ဝန်ထမ်းများက အသင်း(၆)သင်း စုဖွဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်များနှင့် တွဲဖက်အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် မှ ဆုရရှိသည့် အသင်းများအား ဆုများပေးအပ်ခဲ့ပါသည်။






