
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံနှင့် အောက်စ်ဖို့ဒ် စီးပွားရေးလုပ်ငန်းအုပ်စုတို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာမှု ရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အောက်စ်ဖို့ဒ်စီးပွားရေး လုပ်ငန်းအုပ်စု တို့သည် ၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွက် OBG ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာများကို နှစ်အလိုက် ထုတ်ဝေနိုင်ရန် သုတေသန အစုစပ်လုပ်ငန်း သဘောတူစာချုပ် (Research Partnership Agreement)ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး၌ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြ ပါသည်။
အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ နှင့် အောက်စ်ဖို့ဒ် စီးပွားရေးလုပ်ငန်းအုပ်စုမှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။

