
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ Myanmar Companies Online (MyCO)စနစ်အား Online သီးသန့်ဆောင်ရွက်လိုပါသဖြင့် အခကြေးငွေပေးသွင်းမှုများကိုCredit Card, Visa Card, Master Card နှင့် E-Commerce ဖွင့်ထားသော MPU Card များအသုံးပြု၍ Online Payment ဖြင့်သာ ငွေပေးသွင်းရမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၅) ရက်နေ့ တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် E-commerce ဖွင့်ထားခြင်းမရှိသော customer များ အဆင်ပြေချောမွေ့စေရန် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)နှင့် နယ်ရုံးခွဲများတွင်Point of Sale (POS Machine) စနစ်ဖြင့် card အသုံးပြုပြီး အခကြေးငွေပေးသွင်းမှုများကိုလက်ခံဆောင်ရွက်ပေးလျှက်ရှိပါသည်။
၂။ ယခုအခါ MyCOစနစ်တွင် အခကြေးငွေပေးသွင်းမှုများကို Fully online စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်လိုပါသဖြင့် MPU Card များအား E-Commerce ဖွင့်ထားရန် နှင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)နှင့် နယ်ရုံးခွဲများတွင် POSစနစ် ဖြင့် card ဖြတ် အခကြေးငွေပေးသွင်းမှုများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁)ရက်နေ့မှစ၍ လက်ခံ တော့မည်မဟုတ်ကြောင်း ကြိုတင်အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန