
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ တို့ပူးပေါင်း၍ Automotive Sector Development ဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် ရန်ကုန်(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာမာလာမျိုးညွန့်၊ ဉီးစိုးမြင့်အောင် နှင့် ဉီးမင်းဇော်ဉီး တို့ တက်ရောက်ခဲ့ကြပြီး ဉီးမင်းဇော်ဉီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်မှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မှု အစီအစဉ်များအား Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် Thai Subcontracting Promotion Association ၏ အကြံပေးဖြစ်သူ Professor Yoshinori Maekawa မှ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်သူ တို့၏ အခြေအနေ၊ မြန်မာနိုင်ငံရှိ မော်တော်ယာဉ် ကဏ္ဍဖွံ့ဖြိုးနိုင်မှုအလားအလာ တို့နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၅)ဉီး တက်ရောက်ခဲ့ပါသည်။
