
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ သည် ကုမ္ပဏီရေးရာကိစ္စများနှင့် ကုမ္ပဏီ၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်သာ သက်ဆိုင်ပြီး စီးပွားရေးလုပ်ငန်းအမျိုးအစားများ သို့မဟုတ် ပိုင်ဆိုင်မှုများပေါ်တွင် မူတည်ခွဲခြားမှုမပြုဘဲ ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီ များအားလုံးအပေါ်တွင် သာတူညီမျှစွာ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ (၅) အရ ကုမ္ပဏီသည် နိုင်ငံ၏ တည်ဆဲဥပဒေနှင့် ကိုက်ညီသည့် မည့်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားကိုမဆို ဆောင်ရွက်နိုင်သောအခွင့်အရေးနှင့် အခွင့်အာဏာ အပြည့် အဝရှိပါသည်။ ဥပဒေပုဒ်မ ၁၂(ခ)အရ ကုမ္ပဏီတွင် ပါဝင်သူအစုရှယ်ယာရှင်များ၏ ဆန္ဒ အလျောက် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် လုပ်ငန်းရည်ရွယ်ချက်ဖော်ပြရန် ဆုံးဖြတ် ရွေးချယ်ထားခြင်းမှအပ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် လုပ်ငန်းရည်ရွယ်ချက်များအား ကန့် သတ်ဖော်ပြရန် ပြဋ္ဌာန်းထားခြင်း မရှိပါ။
၂။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ပုဒ်မ (၉၇) အရ ကုမ္ပဏီများမှ နှစ်စဉ်တင်ပြရသော နှစ်စဉ်အစီရင်ခံစာ Annual Return (AR) တွင် မိမိကုမ္ပဏီ၏ အဓိကလုပ်ငန်းများကို ဖော်ပြ သည့်အခါ၌ ကိုးကားနိုင်ရန် The International Standard Industrial Classification of All Economic Activities (ISIC) အရ သတ်မှတ်ထားသော ကိန်းဂဏန်းနှစ်လုံးဖြင့် ဖော်ပြထား သည့် လုပ်ငန်းများကိုသာ ထုတ်ပြန်ပေးထားခြင်းဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန