
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၀ ခု တပေါင်းလပြည့်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ် အတွင်း၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်း (၅၀)ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများအား (၃,၇၆၆,၀၀၀) ကျပ် တန်ဖိုးရှိ လှူဖွယ် ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် ဆပ်ကပ်လောင်းလှူ ပူဇော်ခဲ့ကြပါသည်။

