
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့မှပူးပေါင်း၍ Public-Private dialouge on Investment promotion for sustainable tourism ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ Taunggyi Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို Public-Private dialogue ကိုစတင်ခြင်းဖြင့် ရှမ်းပြည်နယ် အတွင်း စီးပွားရေးဖွံ့ဖြိုးတိုတက်မှုမူဘောင်များ တိုးတက်လာစေရေး အထောက်အကူပြုနှင့် အုပ်ချုပ်မှု ကောင်းများ တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်မိန့်ခွန်း ပြောကြား ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ GIZ မှ Chief Advisor ဖြစ်သူMr Thomas Schneider တို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့် မှ Shan State Investment Opportunity Survey Report 2017 for Hotel and Tourism Sector ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Public Private Dialogue (PPD), Legal and Policy Framework on Investment Promotion relating Sustainable Tourism, Administrative Procedures relating Tourism Industry and Operational Process relating Tourism ခေါင်းစဉ်များဖြင့် အဖွဲ့လိုက် ဆွေးနွေးခဲ့ကြ ပါသည်။
ညွှန်ကြားရေးမှူး ဒေါက်တာမာလာမျိုးညွန့်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ အရာထမ်းများနှင့် ဖိတ်ကြားထားသူ ၇၀ တက်ရောက် ခဲ့ကြပါသည်။







