နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် Video Conferencing စနစ်ဖြင့်   ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များမှ ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။

          အစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ တင်ပြလာသော လုပ်ငန်းတည်ဆောက်ရေး ကာလစတင် သည့်နေ့ရက် သတ်မှတ်ခွင့်နှင့် အတည်ပြုမိန့်တွင် စုစုပေါင်းမတည်ငွေရင်းပမာဏပြင်ဆင်ခွင့်အား အတည်ပြုပေးခဲ့ပါသည်။