
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြုပ်နှံမှုများ မြင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပသည့် Dialogue with Ministry of Investment and Foreign Economic Relations ကို၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားအား အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ရှေးဦးစွာ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) ဥက္ကဌ Mr. Sunil Seth နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ၊ လက်ရှိဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဌ ဒေါက်တာမောင်မောင်လေးကUMFCCI နှင့် IMCC တို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော အိန္ဒိယလုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို အမြဲတမ်းအတွင်းဝန်နှင့် အိန္ဒိယသံအမတ်ကြီးတို့မှ အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ အိန္ဒိယ-မြန်မာ ကုန်သည်များ၊ IMCC အသင်းဝင် ကုန်သည်လုပ်ငန်းရှင်များ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။


