AUNG NAGANI CO., LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့်  ချောင်းဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သီးနှံမျိုးစုံအခြောက်ခံခြင်း၊ အဆင့်မြင့် သန့်စင်ရွေးချယ်ခြင်း၊ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိိ သည့် Aung Nagani Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနနှင့်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။