ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို VIDEO CONFERENCING စနစ်ဖြင့် ကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရန်ကုန် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်  ဇွန်လ ၂၉  ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှ ညွှန်ကြားရေးမှူးများသည် ရုံးချုပ်မှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ သက်ဆိုင်ရာ ရုံးတည်ရှိရာနေရာမှလည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး ရုံးချုပ်ရှိ ဌာနခွဲများမှ တာဝန်ခံများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်သည့် အခြေအနေများ၊ တွေ့ကြုံနေရသည့်အခက်အခဲများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ၁၆:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။