
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၁။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအား လုပ်ငန်းဆောင်ရွက်ရာတွင်လွယ်ကူစေရန် ရည်ရွယ်၍ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀)အား ပြောင်းလဲပြင်ဆင်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ မတ်လအထိစမ်းသပ်ကာလ ၃လ အဖြစ် သတ်မှတ်ကာကော်မရှင်မှ စမ်းသပ် အသုံးပြုခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်များရရှိထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၇ အရမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သုံးလပတ် အစီရင်ခံစာ တင်ပြရာတွင် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ မှ စက်တင်ဘာလအထိတင်ပြမည့် သုံးလပတ် အစီရင်ခံစာမှ စတင်၍ (ပုံစံ-၁၀)အသစ်ဖြင့် ပြောင်းလဲတင်ပြရန် အသိပေးအကြောင်းကြားပါသည်။
၃။ သုံးလပတ်အစီရင်ခံစာပုံစံ-၁၀အသစ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Website ဖြစ်သည့်www.dica.gov.mmတွင် ဖော်ပြထားပြီး(ပုံစံ-၁၀)တင်ပြခြင်းနှင့် စပ်လျဉ်း၍ တစ်စုံ တစ်ရာ ပြောင်းလဲခြင်းရှိပါကကော်မရှင်မှ အချိန်မီအသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်