
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ကော်မတီ အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁) ခုအား အတည်ပြုမိန့်ထုတ်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။