
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်းမြေပြင်၌အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်း ရှိ-မရှိ အခြေအနေများအပေါ် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်တွင် တံမြက်စည်းနှင့် တစ်ခါသုံးဝါးတူထုတ် လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နေသစ်စက်မှုလက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်သို့ ၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။
