
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဦးစီးမှူးရုံးက “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနား” ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နေပြည်တော်၊ Mount Pleasant Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် သတင်းမီဒီယာများ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှု ၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ အခွန်ဆိုင်ရာဥပဒေ၊ အလုပ်သမားရေးရာဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက် ရောက်လာသူများ၏ သိရှိလိုသည့်အချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက် ခဲ့ပါသည်။


