
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်တို့ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်(၁၀၆)၊ မြေတိုင်း ရပ်ကွက် အမှတ်(၁၄)၊ ရွှေသံလွင် စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ East Growth Garment Co., Ltd.နှင့် မြေကွက်အမှတ်(၇၀)၊မြေတိုင်းရပ်ကွက်အမှတ်(၁၄)၊ ရွှေသံလွင် စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Sincerece Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ စက်ပစ္စည်း တပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေ စသည်များကို ၂၀၁၇ ခုနှစ် သြဂုတ်လ၂၂ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
