ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

Print Friendly, PDF & Email

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အွန်လိုင်းအလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်အား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့တွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ကျင်းပခဲ့ပါသည်။ အဆိုပါ အွန်လိုင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သူများ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဥပဒေရေးရာ ပုဂ္ဂိုလ်တို့၏ သဘော သဘာဝနှင့်  အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ဆိုင်ရာ သတင်းအချက်အလက်များဖော်ထုတ်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။