ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး အား VIDEO CONFERENCING စနစ်ဖြင့် ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ကော်မတီမှ စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဟောင်ကောင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁) ခုတို့ကို အတည်ပြု ပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် ဆန်ကြိတ်ခွဲခြင်း နှင့် ဆန်ဖွတ်ချော သန့်စင်ခြင်း လုပ်ငန်း ၊ SPC Floor, Microcellular Wallboard, Hollow Wallboard and Skirting line ထုတ်လုပ်ခြင်းလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများတွင် အသုံးပြုသော Gunned cotton, Eiderdown cotton, Honing များ ထုတ်လုပ်၍ ပြည်တွင်းရှိ CMP အထည်ချုပ်လုပ်ငန်းများသို့ ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်း လုပ်ငန်းတို့ပါဝင်ပါသည်။

အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ ၇.၃၉၇ သန်း နှင့် မြန်မာကျပ်ငွေ ၁၀၀၀ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း (၄) ခု တို့မှ  ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၆၅၆ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။