ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံ မှုကော်မတီဥက္ကဋ္ဌဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုမှ ရခိုင်ပြည်နယ်အတွင်းလုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားလာခြင်းအပေါ် ဆွေးနွေးခဲ့ကြပြီး အတည်ပြုမိန့်(၁)ခုအား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံ မှုကော်မတီဥက္ကဋ္ဌဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုမှ ရခိုင်ပြည်နယ်အတွင်းလုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားလာခြင်းအပေါ် ဆွေးနွေးခဲ့ကြပြီး အတည်ပြုမိန့်(၁)ခုအား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။