GOLDEN SUNLAND CO., LTD. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏ ခရိုင်၊ လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စုရှိ Golden Sunland Co., Ltd. ၏ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်းနေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ ပါသည်။