CORONAVIRUS DISEASE 2019 ( COVID-19) သက်ရောက်မှုကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ခွင့်ပြုနိုင်ရေးအတွက် YRIC MEETING ၏ (၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး VIDEO CONFERENCING စနစ်ဖြင့် ကျင်းပ

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

 အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဟောင်ကောင် တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄) ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် ဆောင်ရွက်မည့်အိတ်ချုပ်လုပ်ငန်းများ၊ အဝတ်အထည် အမျိုးမျိုး ချုပ် လုပ်ခြင်း လုပ်ငန်းများ၊ Roof Sheet, Wall Sheet, Deck Sheet, Steel Angel ထုတ်လုပ်သည့် လုပ်ငန်းတို့ ပါဝင်ပါသည်။  

 အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၅.၈၂၁ သန်း နှင့် မြန်မာကျပ်ငွေ ၁၂၅၅.၀၅ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း(၅)ခုတို့မှ  ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၉၀၀ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၄) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။