မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပေးကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း

Print Friendly, PDF & Email

Corporate Governance Code (မူကြမ်း) နှင့် အနာဂတ်အစီအစဉ်တို့ကို ဆွေးနွေးမှု ပြုရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပေးကော်မတီ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တို့ တက်ရောက်ခဲ့ပါသည်။