
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

“ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ကနဦးစွမ်းအားမြှင့်အစီအစဉ်” ခေါင်းစဉ်ဖြင့် စီးပွားရေး အသိပညာမျှဝေပေးခြင်းအခမ်းအနားကိုကယားပြည်နယ်ဒီမောဆိုမြို့ Demoso Lodge ၌ ၂၀၁၉ ခုနှစ် ဇွန်လ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကယား ပြည်နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ နေချားဟောလီးဒေး ကုမ္ပဏီလီမိတက်၊ ဒီဟူးစ် မြန်မာ ကုမ္ပဏီ လီမိတက်၊ မြန်မာ့ရောင်ခြည်သစ် ကုမ္ပဏီလီမိတက်၊ အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်၊ ချမ်းမြေ့ချို ကုမ္ပဏီလီမိတက်၊ ကယားမြေ ကုမ္ပဏီလီမိတက် နှင့် အောင်ရွှေပိုင် ကုမ္ပဏီလီမိတက် တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးဘော့စ်ကိုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် ကယားပြည်နယ်အတွင်းမှ လုပ်ငန်းရှင်စုစုပေါင်း ၁၀၀ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကား ပြော ကြားပါသည်။ ထို့နောက် ပုဂ္ဂလိကအကြံပေး ဦးထွန်းနိုင်ဝင်းမှ “Small is Beautiful” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပြီးနောက်စောဌေးမြင့်ကုမ္ပဏီလီမိတက် မှမန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာစောဌေးမြင့်က “စွန့်စားမှု၊စိန်ခေါ်မှုများနှင့် လုပ်ငန်းရှင်” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပါသည်။ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြပြီး အခမ်းအနားကို (၁၆:၃၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
