
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် သီးနှံများကို အအေး ပေးသိုလှောင် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးပိုင်အမှတ်(၂)၊ ကွင်းအမှတ် (OSS) သာစည်ကွင်းပြင်၊ ဆိပ်သာကျေးရွာအုပ်စု၊ ရွှေကူမြို့နယ်၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်ရှိ Grand Ye Htut International Company Limited (ဂရမ်းရဲထွဋ် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်)သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အခက်အခဲများကို ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် သွားရောက် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
