
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဟိုတယ် ကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှ ့်ဆက်သွယ်ရေး ကဏ္ဍ တို့မှ လုပ်ငန်း စုစုပေါင်း (၈) ခုခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ (၃၆.၇၄၅) သန်းနှင့် ကျပ် (၁၆၃၃၀၂.၇၅၃) သန်း ရှိပြီး ပြည်တွင်း လုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၁၅၉) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လ ကုန်အထိ နိုင်ငံပေါင်း (၅၀) နိုင်ငံတို့မှ စီးပွားရေး ကဏ္ဍ (၁၂) ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁၈၀၆) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း (၈၁၅၉၇.၇၄၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ ပါသည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။
နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၄၈%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅.၉၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ (၁၄.၀၁%)ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။

