
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအစည်းအဝေးတွင် Pegu Travels Company Limited မှ တင်ပြလာသော ဘန်ဂလိုတည်ဆောက်၍ ဟိုတယ်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ကလေးကစားကွင်းနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်လုပ်ငန်း၊ Kayah Traditional Resort တည်ဆောက်ဖွင့်လှစ်ခြင်းလုပ်ငန်းနှင့် ကားကြီးကွင်း တည်ဆောက်ရေး လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၅)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၅)ခု သည် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၁၈၁၉၄၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၇.၅ သန်း ဖြစ်ပါသည်။ ယင်းလုပ်ငန်း (၁၅)ခုမှ အလုပ်အကိုင် အခွင့်အလမ်း ၇၁၂ ဦးကို ဖန်တီးပေးနိုင်ခဲ့ပါသည်။
