
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၂၉၅/၁၉၉၇)ဖြင့် CMPစနစ် အထည်ချုပ် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်(၁) ၊ တောင်ဒဂုံ စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Ha Hae Co., Ltd. နှင့် ခွင့်ပြုမိန့်အမှတ်(၄၇၇/၂၀၁၂) ဖြင့် CMP စနစ် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်(၁)၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Eurogate Sportware Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ သည် ကုမ္ပဏီ၏တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အခွန်ကင်းလွတ်ခွင့် ကာလ ကျော်လွန်ပြီးပါက အခွန်ပေးဆောင်ထားမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်း ခန့်ထားမှု အခြေအနေ၊ စက်ပစ္စည်းတင်သွင်း၊ တပ်ဆင်ထားမှု အခြေအနေ၊ ကုန်ပစ္စည်းထုတ်လုပ် နိုင်ရေးနှင့် ဝန်ဆောင်မှု ဆောင်ရွက်ထားရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီးလိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


