
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်အဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခုဖြစ်သည့်“သဲအုတ်နှင့် ပန်းဘလောက်ပြားများ ထုတ်လုပ် ခြင်းလုပ်ငန်း” နှင့် “နိုင်ငံတကာ အရည်အသွေးမီ ရိုးလိခဲ့ သံပုရာသီး စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း”တို့အား ခွင့်ပြုရန်ဆုံးဖြတ်ခဲ့ပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၈၅)ခုအား ဖန်တီးပေးနိုင်မည်ဖြစ်ပါ သည်။