IRON DUKE PARTNERS မှ မဟာဗျူဟာရေးဆွဲရေး ပညာရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်သည် Iron Duke Partners မှ မန်နေဂျင်းဒါရိုက်တာနှင့် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင်ဖြစ်သူ Mr. Phil O’ Reilly အား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ မဟာဗျူဟာရေးဆွဲရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။