
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံသူများနှင့် ဒုတိယအကြိမ်တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၏အစည်းအဝေးခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်း ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ (၆) ခုမှ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံသူများမှ လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ကြုံနေရသော အခက်အခဲများကို တင်ပြ၍ သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးခဲ့ပါသည်။