
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့၊ နေ့လည် ၁၃:၀၀ တွင် ကျင်းပပြုလုပ်သော ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးအား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် တို့အပါအဝင် ကော်မတီအဖွဲ့ဝင် (၇) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ မှ တင်ပြလာသော အတည်ပြုမိန့် လျှောက်ထားလွှာအား စိစစ်ခြင်း၊ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါ သည်။
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးမှလျှောက်ထား လွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုအား အတည်ပြုမိန့် ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ပါသည်။