EAST-WEST SEED (MYANMAR) CO., LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး စိုက်ပျိုးရေးမျိုးစေ့များ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက် လျက် ရှိသည့် ကွင်းအမှတ်(၅၁၁-ခ) (၅၁၉-က)၊ညောင်နှစ်ပင်ကျေးရွာအုပ်စု၊မှော်ဘီမြို့နယ်နှင့် ကွင်းအမှတ် (၉၈၇)၊ကြာအင်းအုပ်စု ၊ကွင်းအမှတ်(၉၇၇) ၊ကလီထော်အနောက် ကျေးရွာ အုပ်စု ၊လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ East-West Seed (Myanmar) Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန နှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေအနေ ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု အခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။