
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ခွင့်ပြုမိန့်အမှတ်(၉၆၅/၂၀၁၅) အရ ခွင့်ပြု ထားသည့် CMPစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေကွက် အမှတ်၅၊ မြေတိုင်း ရပ်ကွက်အမှတ် (င-၁၂)၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ JOC MYANMAR GARMENT Co., Ltd MBK Co., Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု၊ ပြည်တွင်းပြည်ပဝန်ထမ်း ခန့်ထားမှုအခြေအနေ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၈ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။